About

www.mywebdesignnote.blogspot.com  ကို Web design Beginner များအတွက် ရည်ရွယ်ပြီး ရေးသားထားတာဖြစ်ပါတယ်။ သိပြီးတဲ့သူတွေအတွက် အရမ်းလွယ်ကူနေပေမယ့် ယခုမှ စပြီးလေ့လာမည့် သူများအဖို. အရှင်းဆုံးနဲ. အမှန်တကယ် တတ်မြောက် အောင်၊ သင်တန်းတစ်ခု၏ သင်ရိုးညွန်းတမ်းပုံစံ မျိုးဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစား ရေးသားထားပါတယ်။

Web Designer တစ်ယောက်လုပ်တော့မယ်ဆိုလျင် အနည်းဆုံး HTML, CSS ကိုတော့ လုံးဝတတ်မြောက်ထားဖို.လိုပါတယ်။ ၄င်း ၂ ခုလုံးက လုံးဝ မခတ်ပါဘူး။ ဒါပြင် Photoshop ကိုလည်း သိထားရပါမယ်။ Photoshop ကို ဒီဇိုင်းဆွဲဖို.လုံးဝမကျွမ်းကျင်ဘူးဆိုလျင်တောင်မှ slicing knowledge လောက်သိထားရင် ကို တော်တော်လေး အလုပ်ဖြစ်ပါတယ်။ Photoshop ကို ကျွမ်းကျင်စွာ တတ်မြောက်ထားရင်တော့ အကောင်းဆုံးပေါ့။

ဒီတော့ Beginner များအနေဖြင့် HTML ကိုသေချာလေ့လာပြီး CSS ကိုဆက်လေ့လာဖို.တိုက်တွန်းပါတယ်။ HTML နှင့် CSS ပြီးလျင် Photoshop ဖြင့် ဆွဲထားသော Mockup တစ်ခု ကို HTML, CSS ဖြင့် Web page တစ်ခု မည်ကဲ့သို.လုပ်ဆောင်ရသည်ကို လက်တွေ. ရေးပြပေးသွားမှာပါ။ ဒါပြင် Web Designer တွေ သိသင့်တဲ့ Color အကြောင်းကိုလည်း ရေးသွားပေးပါမယ်။

ကျနော့် blog မှာ လေ့လာတဲ့ သူများကို အမှန်တကယ် Web Design သင်တန်းတစ်ခု တတ်နေရသလို ဖြစ်အောင် စေတနာ အပြည့်ဖြင့် ရေးသားပေးသွားမှာပါ။ ကျနော်တို. step by step သွားကြတာပေါ့ဗျား။ ဒီ blog က Web Designer တစ်ဦး အဖြစ် ရပ်တည်ဖို. မလုပ်လောက်ခဲ့ဘူး ဆိုလျင်တောင် အခြေခံလောက် ရသွားခဲ့မယ် ဆိုလျင် လည်း အတိုင်းမသိ ပီတိဖြစ်ပြီးသားပါ။ လာရောက်ဖတ်ရှုလေ့လာသူ အားလုံးကိုလည်း အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ် လို.ပြောပါရစေဗျား။

ကျနော်ရေးသားတဲ့ အခါအမှား ပါလျင် အကြံဥာဏ်ပေးဖို. wdnynh@gmail.com သို.ပေးပို.နိုင်ပါတယ်။

ကျေးဇူးတင်စွာဖြင့်...
admin

No comments:

Post a Comment