Wednesday, July 10, 2013

HTML Chapter 4_Element, Attribute, Hyperlink

HTML Elements

Element ဆိုသည်မှာ Start tag က နေစ၍ end tag ဆုံးသည့် တိုင်အောင် ပါဝင်မှုအားလုံးကို ခေါ်ပါတယ်။


အထက်ပါ ပုံတွင် start tag <p> မှ စပြီး end tag </p> အဆုံးထိ တစ်ကြောင်းလုံးကို element လို.ခေါ်ပါတယ်။ <p> tag ဖြင့် ရေးထားသောကြောင့် <p> element လို.ခေါ်ပါတယ်။

Empty HTML Element

Content မပါဝင်သော HTML element တွေကိုတော့ empty element လို.ခေါ်ပါတယ်။ ဥပမာ <br> နှင့် <hr> တို.ဖြစ်ကြ ပါတယ်။ <br> သည် empty html element ဖြစ်ပြီး ၄င်းသည် keyboard မှ enter key function ကဲ့သို. လုပ်ဆောင်ပေးပါတယ်။ <hr> tag ကို horizontal line ပြုလုပ်ရာမှာ သုံးပါတယ်။ ၄င်းတို.သည် Empty html element များ ဖြစ်သောကြောင့် end tags </br>, </hr> များ မရှိပါ။

Example:

<!DOCTYPE html>
<html>
     <body>
     <p> This is first line <br> This is second line </p> <hr>
     </body>
</html>

HTML Attribute

HTML elements တွေမှာ Attributes များ ရှိနိုင်ပါတယ်။ Attributes များကို Elements တွေရဲ့ additional information အတွက် သုံးပါတယ်။ Attribute ကို Start tag အတွင်းတွင်သာ ရေးရပါတယ်။

Example:

<!DOCTYPE html>
<html>
    <body>
    <a href="http://www.w3schools.com"> This is a link </a>
    </body>
</html>

HTML Hyperlink (Links)

<a> tag သည်  hyperlink tag ဖြစ်ပါတယ်။ Word, Group of words, Images စသည်တို.မှာ Hyperlink ကိုအသုံးပြုပြီး document တစ်ခုမှ တစ်ခုသို. ကူပြောင်းနိုင်ပါတယ်။ Hyperlinks များပေါ်တွင် cursor တင် လိုက်ပါက Arrow ပုံမှ လက်ပုံ သို. ပြောင်းလဲသွားပါတယ်။ Hyperlink ဖြစ်သော <a> element ၏ attribute မှာ href  ဖြစ်ပါတယ်။
HTML Link Syntax: _ <a href="url"> Link text </a>
<a> မှာ tag ဖြစ်ပြီး href မှာ attribute ဖြစ်သည်။

 Example:

<!DOCTYPE html>
<html>
      <body>
      <a href="http://www.w3schools.com"> Click here </a>
      </body>
</html>

HTML Links – The Target Attribute

Example:

<a href="http://www.w3schools.com" target="_blank"> Click here </a>

Target="_blank" ဆိုသည်မှာ link ကို click နှိပ်လိုက်တာနဲ. လက်ရှိ ကြည့်နေသော page မှာ မပေါ်ဘဲ browser ရဲ့ new tab မှာ link page ကို ပြ ပေးပါတယ်။



No comments:

Post a Comment