Monday, July 8, 2013

HTML Chapter 1_ Introduction

HTML အကြောင်းကို Examples, tutorials များနှင့် အတူ Chapters 15 ခု ဖြင့် blog မှာ post လုပ်သွားပါမယ်။ ၄င်း ၁၅ ခန်းလုံးကို လေ့လာပြီးပါက HTML အကြောင်းကို တော်တော်လေး နာလည်ပြီး ရေးတတ်သွားမှာပါ။ Web designer တစ်ယောက်အတွက် HTML ကအရေးကြီးဆုံးပါပဲ။ ဒါကြောင့် အရှင်းဆုံး ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ရေးသားထား ပါတယ်။ တစ်နေ.ကို တစ်ခန်းနှုန်းဖြင့် လေ့လာသွားပါက စုစုပေါင်း ၁၅ ရက်ပဲ အချိန်ပေးရမှာပါ။ လေ့လာမှု ပြီးဆုံးပါကလည်း Web sites များရေးဆက်လက် ရေးသားလေ့ကျင့် ရန်အတွက် HTML tags များ ၏ Reference post ကိုရေးပေးသွားမှာပါ။


What is HTML?

  • HTML ၏ အပြည့်အစုံမှာ Hyper Text Markup Language ဖြစ်ပါတယ်။
  • HTML သည် Markup language အမျိုးအစား ဖြစ်ပါတယ်။
  • Markup language ဆိုသည်မှာ a set of markup tags အမျိုးအစားဖြစ်ပါတယ်။
  • Tags တွေက document မှာ ပါမည့် content (အကြောင်းအရာ) တွေကို ဖော်ပြပေးဖို. ဖြစ်ပါတယ်၊ တနည်းပြောရလျင် Browser မှာ ဖော်ပြဖို.အတွက် လုပ်ဆောင်ပေးပါတယ်။
  • HTML document တစ်ခုတွင် HTML tag နဲ. Plain text ဆိုပြီး ၂ ခုပါဝင်ပါတယ်။

Markup Tag (HTML tag)

  • HTML markup tag ကို ပုံမှန်အားဖြင့် HTML tag လို.ပဲခေါ်ကြပါတယ်။
  • HTML tag ဆိုသည်မှာ angle brackets  နဲ.ဖော်ပြတဲ့ keywords (tag names) တွေပဲဖြစ်ပါတယ်။ eg. <html>, <p>
  • HTML tag တစ်ခုကို Start tag နဲ. End tag ဖြင့်ဖွဲစည်းထားပါတယ်။
  • End tag ကိုတော့ Tag name ရဲ့ ရှေ့မှာ Forward slash “/” ကို ထည့်ရေးပေးရပါတယ်။ eg.</html>, </p>
  • Start tag ကို Opening tag လို.လည်း ခေါ်ပြီး End tags ကိုတော့ Closing tag လို.လည်း ခေါ်ပါတယ်။
Syntax example of markup tag: <tagname> Content </tagname>

 

HTML Page Structure

HTML page တစ်ခုကို Tags များဖြင့် ဖန်တီး လုပ်ဆောင်ရပါတယ်။ HTML page တစ်ခုကို အောက်ပါ Structure အတိုင်း ရေးသားရပါတယ်။

No comments:

Post a Comment