Sunday, July 14, 2013

HTML Chapter 9 _ Styles (CSS)

HTML တွင် CSS (Cascading Style Sheets) ကို HTML elements များရဲ့ style information ရေးသားဖို. အတွက်အသုံးပြုပါတယ်။ HTML တွင် CSS ကိုပုံစံ သုံးမျိုး ဖြင့် ရေးသားနိုင်ပါတယ်။ ၄င်းတို.မှာ_
  1. Inline:         <> tag များတွင် style attribute ဖြင့်ရေးခြင်း
  2. Internal:     <head> နှင့် </head> အတွင်းမှာ <style>element ဖြင့် ရေးခြင်း
  3. External:     CSS file တစ်ခုအနေဖြင့် သီးသန်.ရေးသားထားပြီးမှ <head> section မှ <link> ဖြင့် ချိတ်ဆက် အသုံးပြုခြင်းတို. ဖြစ်ပါတယ်။
HTML Basic chapters များကို အလုံးစုံ လေ့လာပြီးပါက CSS အကြောင်းကို ဆက်လက် လေ့လာ နိုင်ဖို. post ရေးတင်ပါမယ်။ ဒီမှာတော့ HTML ကို အဓိကထားပြောတာဖြစ်တဲ့ အတွက် HTML tag မှာ ရေးသားရသော ပုံစံ နှင့် CSS file ဖြင့် ချိတ်ဆက်ပုံကို ပဲ ရှင်းပြထား ပါတယ်။

Inline Style

Inline Style ကို Element တစ်ခုတည်းမှာပဲ unique style တွေ ပြောင်းလဲဖို.အတွက် အသုံးပြုပါတယ်။ ထို.ကြောင့် CSS ကို မိမိ ပြုလုပ်လိုသော HTML element ၏ Start Tag အတွင်းတွင် style attribute ဖြင့် ထည့်သွင်းရေးသားရပါတယ်။ Style attribute တွင် CSS ၏ properties များအားလုံးကို အသုံးပြုရေးသား နိုင်ပါတယ်။

အောက်ပါ HTML document မှ <h1> tag နှင့် <p> tag တို.တွင် CSS ကိုရေးသားခြင်းဖြင့် Browser ပေါ်တွင် style များ ပြောင်းလဲ ဖော်ပြမှုကို လေ့လာနိုင်ပါတယ်။

<!DOCTYPE html>

<html>

<body>

<h1 style="color:#ff0000; text-align:center;">This is center-aligned heading</h1>

<p style="color:blue; margin-left:20px;">This is paragraph</p>

</body>

</html>

မှတ်ချက်။ ။ အထက်ပါ Example မှ Start tag တွင် ရေးထားသော style သည် attribute ဖြစ်ပါတယ်။ color, text-align, margin-left တို.သည် CSS ၏ properties များ ဖြစ်ပြီး #FF0000, center, blue, 20px တို.သည် CSS ၏ values များဖြစ်ပါတယ်။ CSS မှာ property နှင့် value တစ်စုံ (color:#FF0000) ကို Declaration လို.ခေါ်ပါတယ်။ style attribute ထဲတွင် declaration များစွာ ရေးနိုင်ပြီး declaration တစ်ခုပြီးတိုင်း ( ; ) ထည့်ပေးရပါတယ်။ text-align:center; ဆိုသည်မှာ element ကို browser ၏ အလယ်တည့်တည့်တွင် ဖော်ပြဖို.ဖြစ်ပါတယ်။ <p> tag တွင်ရေးထားသော margin-left:20px; မှာ browser တွင်မြင်တွေ. ရသော မြင်ကွင်း ၏ ဘယ်ဘက်ခြမ်း 20 px  အကွာမှစပြီး ဖော်ပြဖို.  ရေးသားခြင်းဖြစ်ပါတယ်။

Inline style သည် element တစ်ခုတည်းကိုပဲ ကိုယ်စားပြု ပါတယ်။ <h1> tag တွင် ရေးထားသော Inline style သည် </h1> tag အဆုံးထိပဲ လုပ်ဆောင်ပေးပါတယ်။ ထို.အတူ <p> tag မှ Style သည်လည်း <p> element တစ်ခုတည်းကိုသာ လုပ်ဆောင်ပေးပါတယ်။

Browser တွင် အောက်ပါအတိုင်း မြင်တွေ.ရပါတယ်...



Internal Style Sheet

Internal style ကို <head> နှင့် </head> section ထဲမှာ <style> tag ဖြင့် ရေးရပါတယ်။ တနည်းပြောရလျင် <body> အတွင်းမှ tag တစ်ခုစီတွင် attribute ဖြင့် မရေးတော့ပဲ <head></head> အတွင်းတွင် <style> tag ဖြင့် ရေးသားခြင်းဖြစ် ဖြစ်ပါတယ်။ <body> ထဲတွင် <h1> element နှစ်ခု ရှိပြီး  နှစ်ခုလုံးကို style တူတူ ပြုလုပ်ချင် ပါက Inline CSS ရေးသားမှုတွင် <h1> tag နှစ်ခုလုံးမှာ ရေးသားရပြီး Internal Style sheet ရေးသားမှုတွင်တော့ တစ်ကြိမ်သာ ရေးသားခြင်းဖြင့် <body> tag ထဲမှ <h1> tag များအားလုံး၏ style များ ကိုပြောင်းလဲပေးနိုင် ပါတယ်။

Internet style ရေးနည်းမှာ_
<style type=”text/css”>
Tag name {CSS}
</style>

အောက်တွင် ရေးပြထားသော နမူနာ အတိုင်းလိုက်ရေးပြီး Browser မှာလေ့လာကြည့်ပါ။

<!DOCTYPE html>

<html>

<head>
<style type="text/css">
p {color:blue;font-family:Arial;}
h1 {color:red;font-family:verdana;}
</style>
</head>

<body>
<h1>This is heading 1</h1>
<p> This is the first paragraph </p>
 <h1>This is heading 2 </h1>
<p> This is the second paragraph. </p>
</body>

</html>

Browser တွင် အောက်ပါအတိုင်းမြင်ရပါမယ်။


External Style sheet

External style sheet မှာ html document များစွာနဲ. အကောင်းဆုံး ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ CSS file တစ်ခုတည်းကို HTML document များစွာက ရယူအသုံးပြုနိုင်ပါတယ်။ ၄င်း CSS file ကို HTML document မှာ ယူသုံးဖို. အတွက် <head></head> section မှာ <link> tag နဲ.ချိတ်ဆက်ပေးရပါတယ်။ CSS file နှင့် html file တို.သည် folder တစ်ခုတည်းတွင်ရှိရပါမည်။

CSS Link syntax:


<link rel="stylesheet" type="text/css" href="filename.css">

ကျနော်တို. CSS file တစ်ခုဆောက်ကြည့်ရအောင်...

Step1:

ပထမဦးဆုံး folder တစ်ခု ကို မိမိကြိုက်ရာ နေရာမှာ နှစ်သက်ရာ အမည်ပေးပြီး တည်ဆောက်လိုက်ပါ။
ပြီးလျင် Notepad သို.မပာုတ် Notepad++ ကိုဖွင့်လိုက်ပါ။

Step 2:

Notepad++ တွင် အောက်ပါ တို.ကိုလိုက်ရေးပေးပါ။
body { background-color:#ddeeee;}
h1 {color:#ff00ff;}
p{font-family:"Times New Roman"; font-size 14px; color:#0000ff;}

 

Step 3:

File menu မှ save as ကို နှိပ်ပြီး style.css ပာု နာမည်ပေးပြီး အသစ်ဆောက်ထားတဲ့ folder ထဲမှာ သိမ်းလိုက်ပါ။ .css ထည့်ပြီးရေးမှ css file အဖြစ်သိမ်းပေးမှာဖြစ်ပါတယ်။

Step 4:

Notepad သို.မပာုတ် Notepad++ တွင် file menu မှ new ကို နှိပ်ပြီး document အသစ်ယူလိုက်ပါ။
ပြီးလျင် အောက်ပါတို.ကို လိုက်ရေးပြီး index.html အမည်ဖြင့်သိမ်းလိုက်ပါ။

<!DOCTYPE html>

<html>

<head>
<link rel="stylesheet" type="text/css" href="style.css">
</head>

<body>
<h1> This is Heading </h1>
<p> This is paragraph. </p>
</body>

</html>

Step 5:

index.html ကို double click နှိပ်ကြည့်ပါက အောက်ပါပုံအတိုင်းမြင်ရပါမယ်။



ယခု chapter မှာ color တွေကို အသုံးပြုသွားလို. နောက် post မှာ HTML color အကြောင်းကို ဖော်ပြပေးပါမယ်။

No comments:

Post a Comment