Tuesday, July 9, 2013

HTML Chapter 3_Writing HTML Using notepad or notepad++

ကျနော်တို. Notepad သို.မပာုတ် notepad++ ကို အသုံးပြုပြီး web page တစ်ခုလောက် ဖန်တီးကြည့်ရအောင်...

Notepad++ မရှိသေးသော သူများ http://notepad-plus-plus.org/ မှာ download ရယူနိုင်ပါတယ်။ HTML ကိုလေ့ကျင့် ရာတွင် notepad++ ဖြင့် ရေးသားလေ့ကျင့်သွားဖို. တိုက်တွန်းပါတယ်။ HTML ကို စတင် လေ့လာသူများ အတွက် notepad သို. Notepad++ ကအကောင်းဆုံးပါပဲ။ http://www.w3schools.com တွင်လည်း Adobe Dreamweaver ကဲ့သို. professional HTML editor တွေအများကြီး ရှိပေမယ့် simple text editor များ ဖြင့် HTML လေ့လာခြင်းကို ကောင်းမွန်တဲ့ နည်းလမ်း အဖြစ် မှတ်ချက် ပေးထားပါတယ်။

HTML document တစ်ခု ကို အောက်ပါ Steps များ အတိုင်း စနစ်တကျ ရေးသွားပါမယ် ...

Step 1

Notepad++ ကိုဖွင့်လိုက်ပါ။ Notepad++ မရှိသေးသူများက တော့ Start > All Programs > Accessories > Notepad ကိုရွေးပြီး ဖွင့်လိုက်ပါ။

Step 2

File menu မှ save as နှိပ်ပြီး index.html အမည်ဖြင့် သိမ်းလိုက်ပါ။ index နေရာမှာ မိမိကြိုက်နှစ်သက်ရာ name ကိုပေးနိုင်ပါတယ်။ name ၏  နောက်တွင် .html  ထည့်ရေးပေးမှသာ html file အဖြစ် သိမ်းပေးမှာပါ။

HTML ရေးတိုင်း Save ကို ဦးစွာ လုပ်ထား စေချင် ပါတယ်။ Syntax များ ရေးပြီးတိုင်း Ctrl+s ကို နှိပ်ပြီး အမြဲ save လုပ်သွားလို. ရပါတယ်။ အားလုံးပြီးမှ save လုပ်လျင် စိတ်မချရပါဘူး။ ရေးရင်းနဲ. Ctrl+s ကို နှိပ်ပြီး အမြဲ save လုပ်သွားခြင်းဖြင့် အကြောင်းအမျိုးမျိုး ကြောင့် ကွန်ပျူတာ Shut down ကျသွားခဲ့ရင် ကျနော်တို. အစကနေ ပြန်ရေးစရာမလိုတော့ပါဘူး။ နောက်တစ်ချက်က Tag တစ်ခု ရေးပြီးတိုင်း Ctrl+s ကိုနှိပ်ပြီး Browser မှာ ပြောင်းလဲသွားမှုကို reload လုပ်ပြီး တစ်ဆင့်ခြင်းစီ ကြည့်သွားနိုင်ပါတယ်။

Step 3

အောက်ပါတို.ကို Notepad++ တွင် ရေးပြီး save လုပ်လိုက်ပါ။

<!DOCTYPE html>
<html>
<head>
    <title> Basic HTML page </title>
</head>
<body>
    <h1> This is heading 1 </h1>
    <p>This is first paragraph</p>
    <p> This is second paragraph. </p>
    <hr>
    <h2> This is Heading 2 </h2>
    <p>
          They are <b> bold </b>, <strong> strong </strong>, <i> italic </i> and
           <em> Emphasized </em>
    </p>
    <p> This is an example of Subscript: H<sub>2</sub>O. </p>
    <p> This is an example of Superscript: x<sup>2</sup>. </p>
</body>
</html>

Step 4

Save လုပ်ထားသော index.html file ကို Double Click နှိပ်ပြီး run ကြည့်ပါ။ Browser တွင် အောက်ပါအတိုင်း မြင်ရပါမည်။




ကျနော်တို. ရေးသားထားသော HTML Tags များ၏ လုပ်ဆောင်ချက်များ ကို အောက်မှ ပုံတွင် လေ့လာနိုင်ပါတယ်။

Notepad++ မှာ HTML ဖြင့် Web page တစ်ခုဖန်တီးမှု အခြေခံ ကိုသိရှိ နားလည် သဘောပေါက်လိမ့်မယ် လို. မျှော်လင့် ပါတယ်။

No comments:

Post a Comment