Thursday, July 11, 2013

HTML Chapter 5 _ HTML Image

HTML တွင် Image အတွက် <img> tag အကိုအသုံးပြုရပြီး ၄င်း၏ attribute မှာ src ဖြစ်ပါတယ်။ src ဆိုသည်မှာ Soruce ကို ရည်ညွန်းခြင်း ဖြစ်ပါတယ်။ <img> tag တွင် end tag မရှိပါ။
Syntax of HTML image: <img src="url" alt="some_text">
url ဆိုသည်မှာ image file တည်ရှိရာ နေရာ ကိုပြောခြင်းဖြစ်ပါတယ်။ alt နေရာမှာတော့ မိမိ ပေးချင်သော image ၏ နာမည် ကိုရေးရမှာဖြစ်ပါတယ်။ image file ၏ နာမည် ကို ပြောတာမပာုတ်ပါဘူး။ Browser မှ image ကို loading လုပ်ပြီး မပြပေးနိုင်တဲ့ အခြေအနေမျိုးမှာ alt မှာ ရေးထားသော နာမည် ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Example:

<img src="image/yourphotoname.jpg" alt="This is my photo">

အထက်ပါ example မှ image/yourphotoname.jpg တွင် image ဆိုသည်မှာ photo သို.မပာုတ် image ထည့်ထားသော folder name ဖြစ်ပြီး၊ yourphotoname နေရာတွင် မိမိ အသုံးပြုမည့် photofile ၏ name ကိုထည့်းပေးရမှာပါ။ .jpg နေရာမှာ တကယ်လို. မိမိသုံးတဲ့ photo file က png အမျိုးအစားဖြစ်လျင် .png လို.ရေးရပြီး gif ဖြစ်လျင် .gif လို. ရေးရမှာပါ။ ထို file extention မမှန်လျင် Browser က ပုံများကို မဖော်ပြပေးနိုင်ပါဘူး။ ထို.ကြောင့် မိမိ၏ folder name, image file name နှင့် file extention တို. မှန်ကန်အောင် ရေးဖို. လိုအပ်ပါတယ်။


ကျနော်တို. Image ပါတဲ့ Web page တစ်ခု တည်ဆောက်ကြည့်ရအောင်...

Step 1:

ပထမဆုံး folder တစ်ခု တည်ဆောက်ပြီး မိမိပေးလိုသော နာမည်ပေးလိုက်ပါ။ ထို folder ထဲမှာ folder တစ်ခုထပ်ဆောက်ပြီး image ပာုနာမည်ပေးလိုက်ပါ။ Web page မှာ အသုံးပြုမည့် photo ကို image folder ထဲမှာ ထည့်လိုက်ပါ။ ကျနော်တို. Web site ရေးတဲ့အခါမှာ photo တွေအများကြီးကို အသုံးပြုကြရလို. သီးသန်.ခွဲခြားထားတဲ့ အလေ့ အကျင့်လေးဖြစ်အောင် လို.ပါ။

Step 2:

Notepad++ ကိုဖွင့်ပြီး index.html ပာုအမည်ပေးကာ ကျနော်တို.တည်ဆောက်ထားတဲ့ folder မှာ သိမ်းလိုက်ပါ။

Step 3:

အောက်တွင် ဖော်ပြထားသော code ကိုရေးလိုက်ပါ။ image/yourphotoname.jpg နေရာမှာ ကျနော် အထက်မှာ ရှင်းပြထားသည့် အတိုင်း photo ထည့်ထားသော folder name နှင့် file name တို.ဖြင့် ပြောင်းရေး လိုက်ပါ။

<!DOCTYPE HTML>
<html>
<body>
<img src=”image/yourphotoname.jpg” alt=”This is my photo”>
</body>
</html>
ပြီးလျင် File menu>save သို.မပာုတ် keyboard မှCtrl+s ကို နှိပ်ပြီးသိမ်းလိုက်ပါ။ index.html file ကို double click နှိပ်ပြီး Browser မှာ run ကြည့်လိုက်ပါ။ မိမိတို. အသုံးပြုထားသော ပုံကို မြင်တွေ.ရမှာပါ။

ယခုရေးထားသော file မှာ ပဲ ကျနော် တို.ပြုပြင်မှုတွေ ထပ်လုပ်ကြည့်ရအောင်...
index.html file မှာ right click နှိပ်ပြီး Edit with notepad++ ကိုရွေးပြီး index.html ကို ပြန်ဖွင့်လိုက်ပါ။
<img src="image/yourphotoname.jpg" alt="This is my photo"> မှာ width="300" နှင့် height="200" ကိုထပ်ထည့် ပါမယ်။
အောက်ပါအတိုင်း ထည့်ရေးလိုက်ပါ။
<img src="image/photo.jpg" alt="This is my photo" width="300" height="200">
ပြီးလျင် save လုပ်ပြီး Browser မှာပြန် run ကြည့်ပါ။ Photo ၏ အရွယ်အစားပြောင်းသွားပါမယ်။ ထိုနည်းဖြင့် Photo တွေရဲ့ အရွယ်အစားကို HTML  ဖြင့်လည်း ပြောင်းလဲရေးသား နိုင်ပါတယ်။

ဒီလောက်ဆိုလျင် Web page တွေမှာ photo ကိုဖော်ပြဖို. ဘယ်လိုရေးသားရလဲဆိုတာ သိလောက်ပြီးလို. ယူဆပါတယ်။

No comments:

Post a Comment