Tuesday, July 9, 2013

HTML Chapter 2_How to write HTML Web page

HTML document တစ်ခုကို ရေးသား ရာတွင်....

  1. <!DOCTYPE> ကို အရင်ဆုံးရေးရပါတယ်။
  2. <html> start tag နှင့် </html> end tag တို. ပါရှိရပါမယ်။
  3. <html> နှင့် </html> အတွင်းတွင် <head> tag နှင့်<body> tag တို.ကိုရေးရပါတယ်။

1. The <!DOCTYPE> Declaration

HTML language ဖြင့် ရေးထားသော document တစ်ခု၏ Type နှင့် Version ကို Browser ကသိမှာသာ Web page အဖြစ် မှန်ကန်စွာ ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။ ထို.ကြောင့် မိမိ အသုံးပြုရေးသားသော HTML version အမျိုးအစာ ကို <!DOCTYPE> ဖြင့် ဦစွာ declaration လုပ်ရခြင်း ဖြစ်ပါတယ်။ ဥပမာ HTML 5 ကိုအသုံးပြုပြီး ရေးသားလိုပါက <!DOCTYPE html> ကို HTML document တွင် စရေး ရပါတယ်။ HTML common declarations များမှာ...

HTML 5

<!DOCTYPE html>


HTML 4.01

<!DOCTYPE HTML PUBLIC "-//W3C//DTD HTML 4.01 Transitional//EN"

"http://www.w3.org/TR/html4/loose.dtd">


XHTML 1.0

<!DOCTYPE html PUBLIC "-//W3C//DTD XHTML 1.0 Transitional//EN"

"http://www.w3.org/TR/xhtml1/DTD/xhtml1-transitional.dtd">


2. The <html> tag

<html> tag သည် Hyper Text Markup Language ဖြစ်ကြောင်း declaration လုပ်ပေးခြင်း ဖြစ်ပါတယ်။ ထို.ကြောင့် အခြားသော HTML ၏ tags များကို <html> နှင့် </html> အတွင်းတွင် ရေးသားရခြင်းဖြစ်ပါတယ်။


3. The <head> tag and the <body> tag

The <head> tag

<head> tag သည် <title>, <style>, <meta>, <link>, <script>, etc... စသည့် elements များကို ရေးသားဖို.အတွက် section တစ်ခု ဖြစ်ပါတယ်။
  • The <title> tag : Browser ၏ toolbar မှာ Title name အဖြစ် ဖော်ပြပေးခြင်း၊
  • The <style> tag : CSS, Javascript, Jquery တို.အတွက်ရေးခြင်း၊
  • The <meta> tag : Search engine မှ ရှာဖွေရလွယ်ကူအောင် လုပ်ဆောင်ပေးခြင်း၊
  • The <link> tag : Stylesheet (CSS) တို.နှင့် ချိတ်ဆက်အသုံးပြုခြင်း တို.ဖြစ်ပါတယ်။

The <body> tag

<body> tag က web page ပေါ်တွင် contents များကို မြင်တွေ.နိုင်အောင် လုပ်ဆောင်ပေးပါတယ်။ ထို.ကြောင့် Web page တွင် ဖော်ပြလိုသော အကြောင်း အရာများ အတွက် <body> နှင့် </body> အတွင်းတွင် ရေးသားရပါတယ်။ Web pages များ တွင် အကြောင်း အရာများ ကို Paragraph, Photo, ... စသည်ဖြင့်ဖော်ပြလေ့ ရှိတာကြောင့် Usage Tags များကို စပြီးလေ့ လာကြည့်ပါမယ်...
  • Heading _ Heading အတွက်တော့ <h1> tag မှစပြီး <h6> tag အထိ အစဉ်လိုက်ရှိပါတယ်။ အစဉ်ပြေသလို အသုံးပြုနိုင်ပါတယ်။
  • Paragraph _ Paragraph များအတွက် <p> tag ကိုအသုံးပြုပြီး ရေးရပါတယ်။
  • Bold _ <b> tag ကိုသုံးပြီး စာလုံးကို ထင်ရှားအောင် လုပ်ပေးနိုင်ပါတယ်။
  • Important text _ <strong> tag ကို သုံးပြီး အရေးကြီးကြောင်း ပြဆိုနိုင်ပါတယ်။ <b> tag ကဲ့သို. Bold လုပ်ပေးပါတယ်။
  • Italic _ <i> tag ကိုသုံးပြီး စာလုံးကို တစောင်း အနေအထား ဖြင့် ပြပေးနိုင်ပါတယ်။
  • Emphasized text _ <em> tag သည် italic ကဲ့သို.ပင် လုပ်ဆောင်ပေးပါတယ်။
  • Subscript _ <sub></sub> tag ကို သုံးပြီး စာကို အောက်သို.နိမ့်၍ ဖော်ပြ ပေးနိုင် ပါတယ်။
  • Superscript _ <sup></sup> tag ကို သုံးပြီး စာကို အပေါ်သို.မြင့် ပြီးဖော်ပြ ပေးနိုင်ပါတယ်။
  • Horizontal line _ <hr> tag ကို အသုံးပြုရပြီး ၄င်းတွင် end tag </hr> မရှိပါဘူး။ ဥပမာ syntax တစ်ခုပြီလို. Line နဲ.ပိတ်ချင်ပါက <hr> tag ကိုအသုံးပြု လို.ရပါတယ်။ 
အထက်ပါတို.ကိုလေ့လာပြီးပါက Chapter 3 မှာ HTML page တစ်ခု ကိုလက်တွေ. ရေးကြည့်ပါမယ်။

No comments:

Post a Comment