Saturday, July 20, 2013

CSS Chapter 3 _ Insert CSS

CSS ရေးနည်း သုံးမျိုး ရှိပါတယ်။ ၄င်းတို.မှာ...
  • Inline style
  • Internal style sheet
  • External style sheet

Inline Style

Inline Style ကို Element တစ်ခုတည်းမှာပဲ unique style တွေ ပြောင်းလဲဖို.အတွက် အသုံးပြုပါတယ်။ ထို.ကြောင့် CSS ကို မိမိ ပြုလုပ်လိုသော HTML element ၏ Start Tag အတွင်းတွင် style attribute ဖြင့် ထည့်သွင်းရေးသားရပါတယ်။ Style attribute တွင် CSS ၏ properties များအားလုံးကို အသုံးပြုရေးသား နိုင်ပါတယ်။

Example:

<h1 style=”color:#ff0000; text-align:center;”>This is center-aligned heading</h1>
<p style=”color:blue; margin-left:20px;”>This is paragraph</p>

 

Internal Style Sheet

Internal style ကို HTML document ၏ <head> နှင့် </head> section ထဲမှာ <style> tag ဖြင့် ရေးရပါတယ်။ တနည်းပြောရလျင် <body> အတွင်းမှ tag တစ်ခုစီတွင် attribute ဖြင့် မရေးတော့ပဲ <head></head> အတွင်းတွင် <style> tag ဖြင့် ရေးသားခြင်းဖြစ် ဖြစ်ပါတယ်။ <body> ထဲတွင် <h1> element နှစ်ခု ရှိပြီး  နှစ်ခုလုံးကို style တူတူ ပြုလုပ်ချင် ပါက Inline CSS ရေးသားမှုတွင် <h1> tag နှစ်ခုလုံးမှာ ရေးသားရပြီး Internal Style sheet ရေးသားမှုတွင်တော့ တစ်ကြိမ်သာ ရေးသားခြင်းဖြင့် <body> tag ထဲမှ <h1> tag များအားလုံး၏ style များ ကိုပြောင်းလဲပေးနိုင် ပါတယ်။

Example:

<head>
<style>
hr {color:blue;}
p {margin-left:20px;}
</style>
</head>

 

External style sheet

External style sheet မှာ html document များစွာနဲ. အကောင်းဆုံး ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ CSS file တစ်ခုတည်းကို HTML document များစွာက ရယူအသုံးပြုနိုင်ပါတယ်။ External style sheet ကို ကြိုက်နှစ်သက်ရာ text editor နဲ.ရေးလို.ရပါတယ်။ save လုပ်တဲ့အခါမှာ .css ဖြင့်သိမ်းပေးရပါတယ်။ ၄င်း CSS file ကို html document မှာ ယူသုံးဖို. အတွက် <head></head> section မှာ <link> tag နဲ.ချိတ်ဆက်ပေးရပါတယ်။

CSS Link example:

<head>
<link rel=”stylesheet” type=”text/css” href=”filename.css”>
</head>


No comments:

Post a Comment