Monday, July 15, 2013

HTML Chapter 12 _ Comment, Website Layout

HTML Comment <!--...--> Tag

Comment tag ကို အမှတ်အသားပြုလုပ်သော အခါတွင်သုံးပါတယ်။ HTML တွင် comment tag ကို ရေးပေမယ့် Browser မှာမဖော်ပြ ပေးပါဘူး။ comment ရေးသားခြင်း ၏ကောင်းသော အချက်များက HTML document ကို edit ပြန်လုပ်သော အခါ ရှာဖွေရလွယ်ကူပါတယ်။ web page တစ်ခု ဆောက်ရာတွင် HTML source code ပေါင်းများစွာ ဖြင့် ပြုလုပ်ရသောကြောင့် edit လုပ်ရာတွင် ရှာဖွေရ ကြာတတ်ပါတယ်။ comment tag သုံးထားခြင်းဖြင့် ရှာဖွေရလွယ်ကူပါတယ်။

 

Example:

<div id="wrapper">  <!--Start of wrapper -->
<div id="header"> This is header </div>
<div id="content"> This is content </div>
<div id="footer"> This is footer </div>
</div>  <!--End of wrapper -->

 

Website Layout

Website အများစုသည် ၄င်းတို.၏ content များကို magazine, newspaper တို.ကဲ့သို. multiple columns ဖြင့် ဖော်ပြလေ့ ရှိပါတယ်။ webpage မှာ multiple columns ဖန်တီးဖို. <div> သို.မပာုတ် <table> elements များကို သုံးရပါတယ်။ ၄င်း <div> နှင့် <table> element တို.၏ Position အတွက် CSS ကို အသုံးပြုရပါတယ်။ <tabel> ဖြင့် layout ချနိုင် သော်လည်း table မှာ ဇယားဖြင့် ပြရသော (tabular data) များအတွက် အသုံးပြုဖို.ဖြစ်ပြီး Layout tool မပာုတ်ပါဘူး။

Webpage တစ်ခု၏ layout ကို သုံးပိုင်း ပိုင်းခြားပြီး ဆွဲလျင် အလွန်လွယ်ကူပါတယ်။ မည်သည့် website ပဲဖြစ်ပါစေ အခြေခံ အားဖြင့် သုံပိုင်းပါဝင်ပါတယ်။ ၄င်းတို.မှာ header, content, footer တို.ပဲဖြစ်ပါတယ်။


  • Header မှာတော့ Logo, menu, search, login, etc... စသည်တို.အတွက် ရေးသားလေ့ရှိပါတယ်။
     
  • Content မှာတော့ အကြောင်းအရာတွေကို ဖော်ပြပေးဖို. ရေးပါတယ်။
     
  • Footer ပိုင်းမှာတော့ footer menu link, copyright တို.ကိုဖော်ပြဖို.ဖြစ်ပါတယ်။

 
Website တစ်ခုမှာ Web page များစွာ ရှိပါတယ်။ webpage ဘယ်လောက်များများ page တိုင်းမှာ Logo, menu, copy စသည့် Header နှင့် Footer အပိုင်း တို.မှာ page တိုင်းမှာပါဝင်ပြီး content အပိုင်းသာလျင် ပြောင်းလဲသွားပါတယ်။ ထို.ကြောင့် သုံးပိုင်းခွဲပြီး ရေးတဲ့အတွက် အချိန်ကုန်သက်သာသည့်အပြင် Design ကို Edit လုပ်ရာမှာလည်း ရှာဖွေလုပ်ဆောင်ရတာ လွယ်ကူစေပါတယ်။ ထို.ပြင် မိမိ၏ Design ကို Web developers များမှ php စသည် ဖြင့် web development လုပ်ရာတွင် အဆင်ပြေ စေပါတယ်။

Chapter 13 မှာ ကျနော်တို. Web layout ကိုလက်တွေ.လုပ်ဆောင်ပြပါမယ်။

No comments:

Post a Comment