Thursday, July 25, 2013

CSS Chapter 6 _ Styling fonts

CSS ၏ font properties များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
  • font-family
  • font-size
  • font-style
  • font-variant
  • font-weight
  • font
font-family, font-size နှင့် font တို.ကတော့ အသုံးများပါတယ်။ font-style, font-variant နှင့် font-weight တို.ကို Internet Explorer version တိုင်းမှာ support မလုပ်တော့ သိပ်ပြီးမသုံးကြပါဘူး။

Computer မှာအသုံးပြုတဲ့ Basic font (၂) မျိုးရှိပါတယ်။ ၄င်းတို.မှာ Sans-Serif နှင့် Serif တို.ပဲဖြစ်ပါတယ်။ အောက်တွင် Sans-serif နှင့် Serif fonts တို.ရဲ့ ခြားနားခြင်းကိုဖော်ပြထားပါတယ်။

This example is from www.w3schools.com

Computer screens မှာတော့ Sans-serif font က Serif font ထက် ဖက်ရတာ ရှင်းလင်းပြီး အဆင်ပြေလို. Sans-serif font ကိုပဲရွေးချယ်အသုံး ပြုကြပါတယ်။


The font-family property

Font-family ကို အသုံးပြုမယ့် font အမျိုးအစား ကို declaration လုပ်ဖို.သုံးပါတယ်။ font-family မှာ fallback system အနေနဲ. Several font ကိုသုံးပြီးလုပ်ဆောင်နိုင်ပါတယ်။ တစ်ခါတလေကျနော်တို.သုံးလိုက်တဲ့ font အမျိုးအစားကို browser က support မလုပ်ပေးနိုင်တဲ့အခါမျိုးမှာ နောက်တစ်ခုကို choice လုပ်ပြီး ဖော်ပြပေးသွားပါတယ်။ ဆိုလိုတာက ပထမ ဦးစားပေး declaration လုပ်ထားတာ ကို support မလုပ်နိုင်ရင် နောက်တစ်ခု declaration လုပ်ထားတာကို အစားထိုးဖော်ပြပေးသွားမှာပါ။

font-family အတွက် value ရေးတဲ့ အခါမှာ မိမိအသုံးပြုချင်တဲ့ font အမည်ကို အရင်ရေးရပြီး နောက်ဆုံးမှာတော့ generic family name (sans-serit or serif) နဲ. အဆုံးသတ်ရေးရပါတယ်။ ကျနော်တို. သတ်မှတ်ပေးတဲ့ font အမျိုးအမည်တွေ ကို user ရဲ့ browser က support မလုပ်နိုင်တဲ့အခါမှာ ၄င်း၏ base font အမျိုးအစား တစ်ခုနဲ.အစားထိုးပြီးပြသွားပေးဖို.အတွက် generic family name ကို နောက်ဆုံးမှာရေးသားရခြင်းဖြစ်ပါတယ်။

အောက်က example မှာ font-family အသုံးပြုပြီး ရေးသားပုံကို လေ့လာကြည့်ပါ။

Monday, July 22, 2013

CSS Chapter 5 _ Styling Text

CSS text နဲ.ပတ်သတ်ပြီးတော့ အသုံးများတဲ့ text properties တွေကိုပဲ ရှင်းပြသွားပါမယ်။ ၄င်းတို.မှာ
  • color
  • text-align
  • text-decoration
  • text-transform
  • text-indent
  • letter-spacing
  • line-height
  • word-spacing

Text Color

Text color အတွက် color porperty ကိုသုံးပါတယ်။

Example of color property:
<!DOCTYPE html>
<html>
<head>
<style>
body {color:red;}
h1 {color:#00ff00;}
p.ex {color:rgb(0,0,255);}
</style>
</head>
<body>
<h1>This is heading 1</h1>
<p>This is paragraph</p>
<p class="ex">This is paragraph using class attribute of CSS.</p>
</body>
</html>


This is paragraph မှာ အနီရောင် ဖြစ်နေရခြင်းမှာ body {color:red;} လို.ရေးထားလို.ဖြစ်ပါတယ်။ body ထဲမှာရှိသော text color မှန်သမျှ အနီရောင်လို. Style သတ်မှတ်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နောက်ထပ် <p> element ကိုတော့ အနီရောင် မသုံးခြင်လို. p.ex ဆိုပြီး style တစ်ခုရေးသားခြင်းဖြစ်ပါတယ်။

အကယ်၍ p ကိုပဲ p {color:rgb(0,0,255);} လို. Style ရေးလိုက်လျင် <p> tag နဲ.ရေးလိုက်တိုင်း အားလုံး အပြာရောင်တွေဖြစ်ကုန်မှာပါ။ ဒါကြောင့် ပြောင်းချင်တဲ့ <p> element အတွက်ပဲ class နဲ. Style ယူသုံးလို.ရအောင် p.ex ဖြင့် style ရေးသားခြင်း ဖြစ်ပါတယ်။

Sunday, July 21, 2013

CSS Chapter 4 _ Styling Background


CSS background properties များကို element တစ်ခု၏ background effects များအတွက်သုံးပါတယ်။ Background effects များအတွက် CSS properties များမှာ
  • background-color
  • background-image
  • background-repeat
  • background-position
  • background-attachment

background-color

background-color ကို Element တွေရဲ့ background အရောင်အတွက် သုံးပါတယ်။

Example:

<!DOCTYPE html>
<html>
<head>
<style>
body {background-color:#ffffff;}
h1{background-color:#888888;}
p{background-color:#eeffff;}
div{background-color:#b0c4dd;}
</style>
</head>
<body>
<h1>This is  heading </h1>
<p> This is paragraph.</p>
<div>
This is a text inside a div element.
<p>This is paragraph between div tag </p>
This is also inside a div element.<br><br>
</div>
</body>
</html>

CSS မှာ color ကို HEX value, RGB value, color name တို.ဖြင့် ရေးသားနိုင်ပါတယ်။
HEX value syntax: #0000ff;
RGB value syntax: rgb(255,0,0)
Color name syntax: red

Saturday, July 20, 2013

CSS Chapter 3 _ Insert CSS

CSS ရေးနည်း သုံးမျိုး ရှိပါတယ်။ ၄င်းတို.မှာ...
  • Inline style
  • Internal style sheet
  • External style sheet

Inline Style

Inline Style ကို Element တစ်ခုတည်းမှာပဲ unique style တွေ ပြောင်းလဲဖို.အတွက် အသုံးပြုပါတယ်။ ထို.ကြောင့် CSS ကို မိမိ ပြုလုပ်လိုသော HTML element ၏ Start Tag အတွင်းတွင် style attribute ဖြင့် ထည့်သွင်းရေးသားရပါတယ်။ Style attribute တွင် CSS ၏ properties များအားလုံးကို အသုံးပြုရေးသား နိုင်ပါတယ်။

Example:

<h1 style=”color:#ff0000; text-align:center;”>This is center-aligned heading</h1>
<p style=”color:blue; margin-left:20px;”>This is paragraph</p>

Friday, July 19, 2013

CSS Chapter 2 _ Selector

Selector

CSS မှာ HTML  အတွက် style တွေရေးလျင် ၄င်းတို. ၏ p, body, h1 စသည်ဖြင့် tagname  ကိုသာသုံးပြီး ရေးပါတယ်။ ဥပမာ ကျနော်တို. <p> tag အတွက် CSS မှာ color style အနီရောင် ကို ရေးထားတယ် ဆိုပါတော့၊ HTML မှာ ရှိတဲ့ <p> tag ဖြင့် ရေးထားတဲ့ element တွေအားလုံး တညီတည်း အနီရောင်တွေ ဖြစ်ကုန်ပါတယ်။ ဒီလို problem တွေမဖြစ်အောင် html tagname တွေမပာုတ်ပဲ ကိုယ်တိုင် နာမည်ပေးသတ်မှတ် ပြီး HTML မှာ Style setting များ ပေါင်းထည့် လုပ်ဆောင်ခြင်းကို selection လို.ခေါ်ပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်ဖို. Selector ပုံစံ ၂ မျိုးကို css က ဖန်တီးပေးထားပါတယ်။ ၄င်းတို.မှာ id selector နှင့် class selector တို.ဖြစ်ပါတယ်။

The id Selector

  • Each element can have one ID
  • Each page can have only one element with that ID
id selector ဆိုတာ a single, unique element (element တစ်ခုတည်း) အတွက်သုံးပါတယ်။ HTML တွင် id selector ကိုသုံးဖို. Attribute မှာ id ဖြစ်ပြီး ၄င်း၏ value အတွက် CSS ရေးရာတွင် မိမိပေးချင်သော နာမည်၏ ရှေ့တွင် # ကို ထည့်ပေးရပါတယ်။

Wednesday, July 17, 2013

CSS Chapter 1 _ Introduction

CSS ကိုမလေ့လာခင်မှာ HTML အကြောင်းကို Basic လောက်သိထားဖို.လိုပါတယ်။ CSS tutorials လုပ်တဲ့ အခါမှာ HTML နှင့် တွဲလုပ်ရပါတယ်။ ဒါကြောင့် HTML ကို အရင်လေ့လာပြီးမှ CSS ကိုလေ့လာဖို. တိုက်တွန်းချင် ပါတယ်။

What is CSS?

  • CSS ဆိုသည် မှာ Cascading Style Sheets ဖြစ်ပါတယ်။
  • HTML elements များ၏ styles များ အတွက် အသုံးပြု ပါတယ်။
  • External Style Sheets များက works တွေကို လုပ်ဆောင်ရသက်သာစေပါတယ်။
  • Multiple Web pages များကို CSS တစ်ခုတည်းဖြင့်လည်း Control လုပ်နိုင်ပါတယ်။

CSS Syntax

Css syntax တစ်ခု ကို CSS rule ဖြစ်သော အဓိက အပိုင်း ၂ ပိုင်းဖြစ် ဖွဲစည်းထားပါတယ်။ ၄င်းတို.မှာ...
  • Selector
  • Declaration


Monday, July 15, 2013

HTML Chapter 15 _ Quick List

HTML Basic Document


<!DOCTYPE html>
<html>
<head>
<title>Title of document goes here</title>
</head>
<body>
Visible text goes here...
</body>
</html>

Basic Tags

<h1>Largest Heading</h1>
<h2> . . . </h2>
<h3> . . . </h3>
<h4> . . . </h4>
<h5> . . . </h5>
<h6>Smallest Heading</h6>

HTML Chapter 14 _ Entities

တချို.သော characters များကို Web page မှာဖော်ပြဖို.အတွက် html မှာ character အတိုင်းရေးလို.မရပါဘူး။ ဥပမာ HTML document တွင် <p> The answer of 3 < 5 is ture.  </p> လို.ရေးလိုက်ပါက less than (<) ကို HTML တွင် tag အဖြစ်ပဲ မှတ်ယူသွားပါတယ်။ Browser  ထိုကြောင့် ၄င်း character ဖြင့် ဖော်ပြလိုပါက (<) ၏ Entity name ဖြစ်သော &lt; သို.မပာုတ် Entity number ဖြစ်သော #160; ဖြင့်အသုံးပြု ရေးသားရပါတယ်။ word တစ်ခုနှင် တစ်ခုကြား space အများကြီးထားချင်လျင်လည်း HTML entity ကို အသုံးပြုရပါတယ်။

 

Example:

<p> The answer of 3 &lt; 5 is true. </p> or <p> The answer of 3 #160; 5 is true. </p>

အောက်တွင် HTML useful character entities များကို ဖော်ပြပေးထားပါတယ်။ Entity name နှင့် Entity number များမှ မိမိနှစ် သက်ရာကို အသုံးပြုနိုင်ပါတယ်။


HTML Chapter 13 _ Making Layout

HTML Layouts – Using <div> 


Web page တစ်ခုစလုပ်ဖို. Layout plan ကို Step by step စဉ်းစားရအောင်...

ပထမဆုံး view point အတွက်စဉ်းစားကြည့်ပါမယ်။ Webpage များကို browser မှာကြည့်တဲ့အခါမှာ horizontal scholl bar မထွက်ဖို. အလွန် အရေးကြီးပါတယ်။ ဒါကြောင့် ယခုခေတ် computers များ၏ monitor resolution ကိုသုံးသပ်ကြည့်ပါမယ်။ အနည်းဆုံး monitor resolution ကတော့ 1024x768 လို.ယေဘုယျ သတ်မှတ်နိုင်ပါတယ်။ ဥပမာ ကျနော်တို. Layout ချတဲ့အခါ Width ကို 1300 px နဲ.တာ layout လုပ်လိုက်မယ်ဆိုရင် horizontal scholl bar ထွက်လာပြီး user တွေသုံးရတာ အဆင်မပြေ ဖြစ်သွား နိုင်ပါတယ်။ ဒါကြောင့် Web Designer တော်တော်များများက monitor အာလုံးနှင့် ကိုက်ညီအောင် Width ကို 960 px ဖြင့် ဆွဲကြပါတယ်။

Website တွေမှာ ယေဘုယျ အားဖြင့် Header, Content, Footer ပာူ၍ သုံးပိုင်းပါဝင် ပါတယ်။ Header တွင် Logo, Navigation စသည်တို. ပါဝင်လေ့ရှိပြီး Content မှာတော့ အကြောင်းအရာများကို paragraphs, images, photos, videos တို.ဖြင့် ဖော်ပြလေ့ရှိပါတယ်။ Footer တွင်တော့ ပုံမှန်အားဖြင့် website ရဲ့ copy right ကို ရေးသားထားလေ့ ရှိပါတယ်။

<div> ဖြင့် layout မလုပ်ခင် ကျနော်တို. Sketch layout လေးလုပ်ကြည့် ရအောင်...


HTML Chapter 12 _ Comment, Website Layout

HTML Comment <!--...--> Tag

Comment tag ကို အမှတ်အသားပြုလုပ်သော အခါတွင်သုံးပါတယ်။ HTML တွင် comment tag ကို ရေးပေမယ့် Browser မှာမဖော်ပြ ပေးပါဘူး။ comment ရေးသားခြင်း ၏ကောင်းသော အချက်များက HTML document ကို edit ပြန်လုပ်သော အခါ ရှာဖွေရလွယ်ကူပါတယ်။ web page တစ်ခု ဆောက်ရာတွင် HTML source code ပေါင်းများစွာ ဖြင့် ပြုလုပ်ရသောကြောင့် edit လုပ်ရာတွင် ရှာဖွေရ ကြာတတ်ပါတယ်။ comment tag သုံးထားခြင်းဖြင့် ရှာဖွေရလွယ်ကူပါတယ်။

 

Example:

<div id="wrapper">  <!--Start of wrapper -->
<div id="header"> This is header </div>
<div id="content"> This is content </div>
<div id="footer"> This is footer </div>
</div>  <!--End of wrapper -->

 

Website Layout

Website အများစုသည် ၄င်းတို.၏ content များကို magazine, newspaper တို.ကဲ့သို. multiple columns ဖြင့် ဖော်ပြလေ့ ရှိပါတယ်။ webpage မှာ multiple columns ဖန်တီးဖို. <div> သို.မပာုတ် <table> elements များကို သုံးရပါတယ်။ ၄င်း <div> နှင့် <table> element တို.၏ Position အတွက် CSS ကို အသုံးပြုရပါတယ်။ <tabel> ဖြင့် layout ချနိုင် သော်လည်း table မှာ ဇယားဖြင့် ပြရသော (tabular data) များအတွက် အသုံးပြုဖို.ဖြစ်ပြီး Layout tool မပာုတ်ပါဘူး။

Webpage တစ်ခု၏ layout ကို သုံးပိုင်း ပိုင်းခြားပြီး ဆွဲလျင် အလွန်လွယ်ကူပါတယ်။ မည်သည့် website ပဲဖြစ်ပါစေ အခြေခံ အားဖြင့် သုံပိုင်းပါဝင်ပါတယ်။ ၄င်းတို.မှာ header, content, footer တို.ပဲဖြစ်ပါတယ်။

HTML Chapter 11 _ Block level elements

Block Level Elements

Block level element ဆိုသည်မှာ content များကို Browser တွင် နောက်တစ်ကြောင်းသို. ဆင်း၍ ဖော်ပြစေသော tags များကို ခေါ်ပါတယ်။ Example: <h1>, <p>, <ul>, <table> ဥပမာနှင့် ရှင်းပြရလျင်...

ကျနော် တို. HTML document မှာ <h1> This is heading </h1><p> This is paragraph </p> လို. ကပ်ရေးထားတယ်ဆိုပါစို.။

Browser မှာ အောက်ပါပုံ အတိုင် တစ်ကြောင်းစီပဲ ပြပါတယ်။

This is heading

This is paragraph
ဘာလို.လဲဆိုတော့ block elements များ ရဲ့ အစ က အရှေ့ element ၏ အဆုံ မှ ကပ်ပြီး browser မှာဖော်ပြလေ့မရှိပါဘူး။ ဒါကြောင့် <p> tag အတွင်းမှာ ပါဝင် တဲ့ content က <h1> tag မှာရေးထားတဲ့ content ဘေးကပ်လျက် မဖော်ပြပဲ နောက်တစ်ကြောင်းမှ စပြီး ဖော်ပြခြင်းဖြစ်ပါတယ်။ HTML document တွင် တစ်ကြောင်းတည်း ကပ်ရေးထားသော်လည်း  browser တွင်ဖော်ပြသော အခါတွင် နောက်တစ်ကြောင်းသို. ဆင်းပြီးမှသာ ဖော်ပြပေး ပါတယ်။

Sunday, July 14, 2013

HTML Chapter 10 _ Color Value

HTML တွင် color ကို Red, Green, Blue တို.၏ တန်ဖိုးဖြင့် ပေါင်းစပ်ထားပါတယ်။ ၄င်းတို.၏ပါဝင်မှု ပမာဏတန်ဖိုးကို Hexadecimal (HEX) နဲ.သတ်မှတ်ပါတယ်။ color တန်ဖိုး အနည်းဆုံးမှာ 0 (HEX တန်ဖိုးဖြင့် ဖော်ပြပါက 00) ဖြစ်ပါတယ်။ အများဆုံး မှာ 255 (HEX တန်ဖိုးဖြင့် ဖော်ပြပါက FF) ဖြစ် ပါတယ်။
HTML document တွင် အသုံးပြုမည့် color အရောင်ကို HEX ဖြင့် ရေးလိုပါက # နှင့်တွဲပြီး ဖော်ပြရပါတယ်။ Red, Green, Blue တို.ကို ရည်ညွန်းသော rgb( - ,- , - ) ပုံစံဖြင့်လည်း ရေးသားနိုင်သည့်အပြင် color ၏ အမည် ဖြင့်လည်း ရေသားနိုင်ပါတယ်။

HTML  တွင် #000000 ၏တန်ဖိုးသည် အနက်ရောင် ဖြစ်ပါတယ်။ ရှေ့ဆုံးမှ သုည နှစ်လုံး (00) သည် အနီရောင် ရဲ့ HEX တန်ဖိုးဖြစ်ပြီး၊ အလယ်မှ 00 မှာ အစိမ်းရောင်၏ HEX တန်ဖိုး ဖြစ်ကာ နောက်ဆုံး 00 မှာ အပြာရောင် ၏ ပါဝင်မှု ပမာဏ တန်ဖိုးဖြစ်ပါတယ်။ HTML တွင် color ၏ အတိုကောက်မှာ RGB ဖြစ်ပါတယ်။


HTML Chapter 9 _ Styles (CSS)

HTML တွင် CSS (Cascading Style Sheets) ကို HTML elements များရဲ့ style information ရေးသားဖို. အတွက်အသုံးပြုပါတယ်။ HTML တွင် CSS ကိုပုံစံ သုံးမျိုး ဖြင့် ရေးသားနိုင်ပါတယ်။ ၄င်းတို.မှာ_
  1. Inline:         <> tag များတွင် style attribute ဖြင့်ရေးခြင်း
  2. Internal:     <head> နှင့် </head> အတွင်းမှာ <style>element ဖြင့် ရေးခြင်း
  3. External:     CSS file တစ်ခုအနေဖြင့် သီးသန်.ရေးသားထားပြီးမှ <head> section မှ <link> ဖြင့် ချိတ်ဆက် အသုံးပြုခြင်းတို. ဖြစ်ပါတယ်။
HTML Basic chapters များကို အလုံးစုံ လေ့လာပြီးပါက CSS အကြောင်းကို ဆက်လက် လေ့လာ နိုင်ဖို. post ရေးတင်ပါမယ်။ ဒီမှာတော့ HTML ကို အဓိကထားပြောတာဖြစ်တဲ့ အတွက် HTML tag မှာ ရေးသားရသော ပုံစံ နှင့် CSS file ဖြင့် ချိတ်ဆက်ပုံကို ပဲ ရှင်းပြထား ပါတယ်။

Inline Style

Inline Style ကို Element တစ်ခုတည်းမှာပဲ unique style တွေ ပြောင်းလဲဖို.အတွက် အသုံးပြုပါတယ်။ ထို.ကြောင့် CSS ကို မိမိ ပြုလုပ်လိုသော HTML element ၏ Start Tag အတွင်းတွင် style attribute ဖြင့် ထည့်သွင်းရေးသားရပါတယ်။ Style attribute တွင် CSS ၏ properties များအားလုံးကို အသုံးပြုရေးသား နိုင်ပါတယ်။

HTML Chapter 8 _ HTML Forms

HTML form တွင် input elements များဖြစ်သော text fields, checkboxs, radio-buttons, submit buttons စသည်တို. အပြင် select lists, textarea, fieldset, legend and label elements တွေလည်း ပါဝင်နိုင် ပါတယ်။ HTML form ကို <form> tag ဖြင့် ရေးရပါတယ်။ <form> tag ထဲမှာမှ input elements တွေအတွက် <input type=”text”> tag ဖြင့် ရေးပါတယ်။ တစ်ခုခြင်းစီ ကို example များဖြင့် လေ့လာကြည့်ပါ။

Text Fields

<!DOCTYPE html>
<html>
<body>
    <form>
    First name: <input type="text" name="firstname"><br><br>
    Last name:<input type="text" name="lastname">
    </form>
</body>
</html>


Saturday, July 13, 2013

HTML Chapter 7 _ Lists

Unordered Lists

Unordered list ကို <ul> tag ဖြင့် စရေးရပြီး ၄င်း tag အတွင်းမှာမှ list ဖြင့် ဖော်ပြ လိုသော syntax များကို <li> tag များဖြင့် ရေးရပါတယ်။ Unordered lists များကို Browser တွင် bullets များဖြင့် ဖော်ပြပေးပါတယ်။

 

Example:

<!DOCTYPE html>
<html>
<body>
    <ul>
    <li>Acer</li>
    <li>Dell</li>
    <li>Toshiba</li>
    </ul>
</body>
</html>

Unordered List

Thursday, July 11, 2013

HTML Chapter 6 _ HTML Table

HTML document မှာ table ကို <table> tag နဲ.ဖော်ပြရပါတယ်။
Table တစ်ခုမှာ Rows နှင့် Data cells (column) ဆိုပြီး ၂ ပိုင်း ပါဝင် ပါတယ်။ Table ၏ Row အတွက် <tr> tag ကို အသုံးပြုပြီး Data cell အတွက် <td> tag ကိုအသုံးပြုရပါတယ်။ td ဆိုသည်မှာ table data ကိုရည်ညွန်းခြင်း ဖြစ်ပါတယ်။ <td> tag အတွင်းမှာ text, links, images, lists, forms, စသည်တို.ကိုထည့်သွင်းဖော်ပြ နိုင်သည့်အပြင် နောက်ထပ် tables များပါ ထပ်ထည့် နိုင်ပါတယ်။
Table တစ်ခုကို HTML တွင် စရေးတော့မည်ဆိုလျင်...
  1. <table> tag ကို အရင် ရေးရပါတယ်။
  2. <table> နှင့် </table> ထဲမှာမှ Row <tr> tag ကို အမြဲတမ်းအရင်ဦးဆုံး ရေးရပါတယ်။
  3. <tr> နှင့် </tr> အတွင်းမှာ မှ data cell <td> ကိုရေးရပါတယ်။ Data cell (column) အရေအတွက် အများကြီးထည့်လို.ပါက <td></td> tags များကို ကြိမ်ကြိမ် အသုံးပြုပြီး ရေးသားနိုင်ပါတယ်။
Table ၏ boder attribute ကိုတော့ border နဲပဲရေးသားပြီး border ကို web page တွင် မမြင်ချင်ပါက border တန်ဖို.ကို 0 (zero) ထည့်ပေးရပါတယ်။

HTML Chapter 5 _ HTML Image

HTML တွင် Image အတွက် <img> tag အကိုအသုံးပြုရပြီး ၄င်း၏ attribute မှာ src ဖြစ်ပါတယ်။ src ဆိုသည်မှာ Soruce ကို ရည်ညွန်းခြင်း ဖြစ်ပါတယ်။ <img> tag တွင် end tag မရှိပါ။
Syntax of HTML image: <img src="url" alt="some_text">
url ဆိုသည်မှာ image file တည်ရှိရာ နေရာ ကိုပြောခြင်းဖြစ်ပါတယ်။ alt နေရာမှာတော့ မိမိ ပေးချင်သော image ၏ နာမည် ကိုရေးရမှာဖြစ်ပါတယ်။ image file ၏ နာမည် ကို ပြောတာမပာုတ်ပါဘူး။ Browser မှ image ကို loading လုပ်ပြီး မပြပေးနိုင်တဲ့ အခြေအနေမျိုးမှာ alt မှာ ရေးထားသော နာမည် ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Example:

<img src="image/yourphotoname.jpg" alt="This is my photo">

အထက်ပါ example မှ image/yourphotoname.jpg တွင် image ဆိုသည်မှာ photo သို.မပာုတ် image ထည့်ထားသော folder name ဖြစ်ပြီး၊ yourphotoname နေရာတွင် မိမိ အသုံးပြုမည့် photofile ၏ name ကိုထည့်းပေးရမှာပါ။ .jpg နေရာမှာ တကယ်လို. မိမိသုံးတဲ့ photo file က png အမျိုးအစားဖြစ်လျင် .png လို.ရေးရပြီး gif ဖြစ်လျင် .gif လို. ရေးရမှာပါ။ ထို file extention မမှန်လျင် Browser က ပုံများကို မဖော်ပြပေးနိုင်ပါဘူး။ ထို.ကြောင့် မိမိ၏ folder name, image file name နှင့် file extention တို. မှန်ကန်အောင် ရေးဖို. လိုအပ်ပါတယ်။

Wednesday, July 10, 2013

HTML Chapter 4_Element, Attribute, Hyperlink

HTML Elements

Element ဆိုသည်မှာ Start tag က နေစ၍ end tag ဆုံးသည့် တိုင်အောင် ပါဝင်မှုအားလုံးကို ခေါ်ပါတယ်။


အထက်ပါ ပုံတွင် start tag <p> မှ စပြီး end tag </p> အဆုံးထိ တစ်ကြောင်းလုံးကို element လို.ခေါ်ပါတယ်။ <p> tag ဖြင့် ရေးထားသောကြောင့် <p> element လို.ခေါ်ပါတယ်။

Empty HTML Element

Content မပါဝင်သော HTML element တွေကိုတော့ empty element လို.ခေါ်ပါတယ်။ ဥပမာ <br> နှင့် <hr> တို.ဖြစ်ကြ ပါတယ်။ <br> သည် empty html element ဖြစ်ပြီး ၄င်းသည် keyboard မှ enter key function ကဲ့သို. လုပ်ဆောင်ပေးပါတယ်။ <hr> tag ကို horizontal line ပြုလုပ်ရာမှာ သုံးပါတယ်။ ၄င်းတို.သည် Empty html element များ ဖြစ်သောကြောင့် end tags </br>, </hr> များ မရှိပါ။

Tuesday, July 9, 2013

HTML Chapter 3_Writing HTML Using notepad or notepad++

ကျနော်တို. Notepad သို.မပာုတ် notepad++ ကို အသုံးပြုပြီး web page တစ်ခုလောက် ဖန်တီးကြည့်ရအောင်...

Notepad++ မရှိသေးသော သူများ http://notepad-plus-plus.org/ မှာ download ရယူနိုင်ပါတယ်။ HTML ကိုလေ့ကျင့် ရာတွင် notepad++ ဖြင့် ရေးသားလေ့ကျင့်သွားဖို. တိုက်တွန်းပါတယ်။ HTML ကို စတင် လေ့လာသူများ အတွက် notepad သို. Notepad++ ကအကောင်းဆုံးပါပဲ။ http://www.w3schools.com တွင်လည်း Adobe Dreamweaver ကဲ့သို. professional HTML editor တွေအများကြီး ရှိပေမယ့် simple text editor များ ဖြင့် HTML လေ့လာခြင်းကို ကောင်းမွန်တဲ့ နည်းလမ်း အဖြစ် မှတ်ချက် ပေးထားပါတယ်။

HTML document တစ်ခု ကို အောက်ပါ Steps များ အတိုင်း စနစ်တကျ ရေးသွားပါမယ် ...

HTML Chapter 2_How to write HTML Web page

HTML document တစ်ခုကို ရေးသား ရာတွင်....

  1. <!DOCTYPE> ကို အရင်ဆုံးရေးရပါတယ်။
  2. <html> start tag နှင့် </html> end tag တို. ပါရှိရပါမယ်။
  3. <html> နှင့် </html> အတွင်းတွင် <head> tag နှင့်<body> tag တို.ကိုရေးရပါတယ်။

Monday, July 8, 2013

HTML Chapter 1_ Introduction

HTML အကြောင်းကို Examples, tutorials များနှင့် အတူ Chapters 15 ခု ဖြင့် blog မှာ post လုပ်သွားပါမယ်။ ၄င်း ၁၅ ခန်းလုံးကို လေ့လာပြီးပါက HTML အကြောင်းကို တော်တော်လေး နာလည်ပြီး ရေးတတ်သွားမှာပါ။ Web designer တစ်ယောက်အတွက် HTML ကအရေးကြီးဆုံးပါပဲ။ ဒါကြောင့် အရှင်းဆုံး ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ရေးသားထား ပါတယ်။ တစ်နေ.ကို တစ်ခန်းနှုန်းဖြင့် လေ့လာသွားပါက စုစုပေါင်း ၁၅ ရက်ပဲ အချိန်ပေးရမှာပါ။ လေ့လာမှု ပြီးဆုံးပါကလည်း Web sites များရေးဆက်လက် ရေးသားလေ့ကျင့် ရန်အတွက် HTML tags များ ၏ Reference post ကိုရေးပေးသွားမှာပါ။


What is HTML?

  • HTML ၏ အပြည့်အစုံမှာ Hyper Text Markup Language ဖြစ်ပါတယ်။
  • HTML သည် Markup language အမျိုးအစား ဖြစ်ပါတယ်။
  • Markup language ဆိုသည်မှာ a set of markup tags အမျိုးအစားဖြစ်ပါတယ်။
  • Tags တွေက document မှာ ပါမည့် content (အကြောင်းအရာ) တွေကို ဖော်ပြပေးဖို. ဖြစ်ပါတယ်၊ တနည်းပြောရလျင် Browser မှာ ဖော်ပြဖို.အတွက် လုပ်ဆောင်ပေးပါတယ်။
  • HTML document တစ်ခုတွင် HTML tag နဲ. Plain text ဆိုပြီး ၂ ခုပါဝင်ပါတယ်။

HTML Content

Chapter 1 _ Introduction
  • What is HTML?
  • Markup Tag (HTML tag)
  • HTML Page Structure

Chapter 2 _ Making Web page
  • The <!DOCTYPE> Declaration
  • The <html> tag
  • The <head> tag
  • The <body> tag

Chapter 3
  • Writing HTML using notepad or notepad++

Chapter 4
  • Element
  • Attribute
  • Hyperlink

Chapter 5
  • Image

Chapter 6
  • Table

Chapter 7 _ Lists
  • Unordered Lists
  • Different Types of Unordered Lists
  • Ordered Lists
  • Different Type of Ordered Lists
  • Nested List
  • Description Lists

Chapter 8 _ Forms
  • Text Fields
  • Password Field
  • Radio Buttons
  • Checkboxes
  • Submit Button

Chapter 9 _ Styles (CSS)
  • Inline Style
  • Internal Style Sheet
  • External Style sheet

Chapter 10
  • Color Value

Chapter 11
  • Block level elements
  • Inline elements
  • <div>
  • <span>

Chapter 12
  • Comment <!--...--> Tag
  • Website layout

Chapter 13
  • HTML Layouts_using <div>

Chapter 14
  • Entities

Chapter 15
  • Quick list