Sunday, July 14, 2013

HTML Chapter 10 _ Color Value

HTML တွင် color ကို Red, Green, Blue တို.၏ တန်ဖိုးဖြင့် ပေါင်းစပ်ထားပါတယ်။ ၄င်းတို.၏ပါဝင်မှု ပမာဏတန်ဖိုးကို Hexadecimal (HEX) နဲ.သတ်မှတ်ပါတယ်။ color တန်ဖိုး အနည်းဆုံးမှာ 0 (HEX တန်ဖိုးဖြင့် ဖော်ပြပါက 00) ဖြစ်ပါတယ်။ အများဆုံး မှာ 255 (HEX တန်ဖိုးဖြင့် ဖော်ပြပါက FF) ဖြစ် ပါတယ်။
HTML document တွင် အသုံးပြုမည့် color အရောင်ကို HEX ဖြင့် ရေးလိုပါက # နှင့်တွဲပြီး ဖော်ပြရပါတယ်။ Red, Green, Blue တို.ကို ရည်ညွန်းသော rgb( - ,- , - ) ပုံစံဖြင့်လည်း ရေးသားနိုင်သည့်အပြင် color ၏ အမည် ဖြင့်လည်း ရေသားနိုင်ပါတယ်။

HTML  တွင် #000000 ၏တန်ဖိုးသည် အနက်ရောင် ဖြစ်ပါတယ်။ ရှေ့ဆုံးမှ သုည နှစ်လုံး (00) သည် အနီရောင် ရဲ့ HEX တန်ဖိုးဖြစ်ပြီး၊ အလယ်မှ 00 မှာ အစိမ်းရောင်၏ HEX တန်ဖိုး ဖြစ်ကာ နောက်ဆုံး 00 မှာ အပြာရောင် ၏ ပါဝင်မှု ပမာဏ တန်ဖိုးဖြစ်ပါတယ်။ HTML တွင် color ၏ အတိုကောက်မှာ RGB ဖြစ်ပါတယ်။


HTML တွင် RED, GREEN, BLUE တို.ကို အခြေခံ ပေါင်းစပ်ပြီး ပါဝင်မှု အချိုးအစား အနည်းအများ ပေါ်မူတည်ပြီး များစွာသော color တို.ကို Web page တွင်ဖော်ပြပေးနိုင်အောင် လုပ်ဆောင်နိုင်ပါတယ်။

HTML တွင် color ကို style (CSS) attribute ဖြင့် ရေးရပါတယ်။
Syntax of color: style="color:.....;"
HTML တွင် color ကို ပုံစံသုံးမျိုးဖြင့် ရေးနိုင်ပါတယ်။ သို.သော် HEX ဖြင့် ရေးသား မှုက ပိုများပါတယ်။
အောက်ပါ example တွင် color ကိုပုံစံသုံးမျိုးဖြင့် အသုံးပြုထားပါတယ်။ Notepad++ မှာ ရေးပြီး Browser တွင် color ဖော်ပြမှု ကိုလေ့လာကြည့်ပါ။

<!DOCTYPE html>

<html>

<body>
<h1 style="color:#ff0000"> This header is red </h1>
<p style="color:green"> The font color is green </p>
<p style="background-color:gray; color:rgb(0,0,255)"> The background color is blue </p>
</body>

</html>

အောက်ပါ link တွင် မိမိ ကြိုက်နှစ်သက်ရာ အရောင်ကို ဖန်တီးရွေးချယ် နိုင်ပြီး HEX တန်ဖိုးကိုလည်း copy လုပ်ပြီး အသုံးပြုနိုင်ပါတယ်။

http://www.w3schools.com/tags/ref_colorpicker.asp?colorhex=800080


No comments:

Post a Comment