Wednesday, July 17, 2013

CSS Chapter 1 _ Introduction

CSS ကိုမလေ့လာခင်မှာ HTML အကြောင်းကို Basic လောက်သိထားဖို.လိုပါတယ်။ CSS tutorials လုပ်တဲ့ အခါမှာ HTML နှင့် တွဲလုပ်ရပါတယ်။ ဒါကြောင့် HTML ကို အရင်လေ့လာပြီးမှ CSS ကိုလေ့လာဖို. တိုက်တွန်းချင် ပါတယ်။

What is CSS?

  • CSS ဆိုသည် မှာ Cascading Style Sheets ဖြစ်ပါတယ်။
  • HTML elements များ၏ styles များ အတွက် အသုံးပြု ပါတယ်။
  • External Style Sheets များက works တွေကို လုပ်ဆောင်ရသက်သာစေပါတယ်။
  • Multiple Web pages များကို CSS တစ်ခုတည်းဖြင့်လည်း Control လုပ်နိုင်ပါတယ်။

CSS Syntax

Css syntax တစ်ခု ကို CSS rule ဖြစ်သော အဓိက အပိုင်း ၂ ပိုင်းဖြစ် ဖွဲစည်းထားပါတယ်။ ၄င်းတို.မှာ...
  • Selector
  • Declaration



Selector က style အသုံးပြုလိုသော HTML element ၏ name (Tagname) ဖြစ်ပါတယ်။

Declaration ကတော့ style အတွက်ဖြစ်ပါတယ်။ Declaration တစ်ခုမှာ property နှင့် value ရှိရပါမယ်။ Property ဆိုသည် style ပြုလုပ်လိုသော style attribute ဖြစ်ပါတယ်။ ထို.ကြောင့် property တစ်ခုတိုင်းမှာ value တစ်ခုစီ ရှိရခြင်း ဖြစ်ပါတယ်။ CSS declaration များကို တစ်ခုပြီးဆုံးတိုင်း semicolon ကိုထည့်ပေးရပါတယ်။ Selector တစ်ခုမှာ Declaration များစွာ ပါဝင်နိုင်ပါတယ်။

CSS Comment

Codes တွေကို ရှာဖွေရလွယ်ကူအောင် Comment ကို အသုံးပြုပါတယ်။ CSS file ကို run တဲ့ အချိန်မှာ ၄င်း သည် CSS style language အဖြစ် အလုပ်မလုပ်ပါဘူး။ CSS ကို edit ပြန်လုပ်ချင်တဲ့ အခါမျိုးမှာ ပြန်ရှာရလွယ်ကူအောင် မှတ်သားဖို. အတွက်ပဲ အသုံးပြုပါတယ်။ CSS comment အစကို /* ဖြင့် ရေးရပြီး comment ဆုံးတာနဲ. */ ဖြင့် ပြန်ပိတ်ပေးရပါတယ်။

Example:

/* This is for paragraph’s color */
P{color:#ff00ff;}

Note: CSS ရေးသားရာတွင် property နှင့် value ကြားတွင် space ခြားလို.မရပါဘူး။

No comments:

Post a Comment