HTML Layouts – Using <div>
Web page တစ်ခုစလုပ်ဖို. Layout plan ကို Step by step စဉ်းစားရအောင်...
ပထမဆုံး view point အတွက်စဉ်းစားကြည့်ပါမယ်။ Webpage များကို browser မှာကြည့်တဲ့အခါမှာ horizontal scholl bar မထွက်ဖို. အလွန် အရေးကြီးပါတယ်။ ဒါကြောင့် ယခုခေတ် computers များ၏ monitor resolution ကိုသုံးသပ်ကြည့်ပါမယ်။ အနည်းဆုံး monitor resolution ကတော့ 1024x768 လို.ယေဘုယျ သတ်မှတ်နိုင်ပါတယ်။ ဥပမာ ကျနော်တို. Layout ချတဲ့အခါ Width ကို 1300 px နဲ.တာ layout လုပ်လိုက်မယ်ဆိုရင် horizontal scholl bar ထွက်လာပြီး user တွေသုံးရတာ အဆင်မပြေ ဖြစ်သွား နိုင်ပါတယ်။ ဒါကြောင့် Web Designer တော်တော်များများက monitor အာလုံးနှင့် ကိုက်ညီအောင် Width ကို 960 px ဖြင့် ဆွဲကြပါတယ်။
Website တွေမှာ ယေဘုယျ အားဖြင့် Header, Content, Footer ပာူ၍ သုံးပိုင်းပါဝင် ပါတယ်။ Header တွင် Logo, Navigation စသည်တို. ပါဝင်လေ့ရှိပြီး Content မှာတော့ အကြောင်းအရာများကို paragraphs, images, photos, videos တို.ဖြင့် ဖော်ပြလေ့ရှိပါတယ်။ Footer တွင်တော့ ပုံမှန်အားဖြင့် website ရဲ့ copy right ကို ရေးသားထားလေ့ ရှိပါတယ်။
<div> ဖြင့် layout မလုပ်ခင် ကျနော်တို. Sketch layout လေးလုပ်ကြည့် ရအောင်...