Table တစ်ခုမှာ Rows နှင့် Data cells (column) ဆိုပြီး ၂ ပိုင်း ပါဝင် ပါတယ်။ Table ၏ Row အတွက် <tr> tag ကို အသုံးပြုပြီး Data cell အတွက် <td> tag ကိုအသုံးပြုရပါတယ်။ td ဆိုသည်မှာ table data ကိုရည်ညွန်းခြင်း ဖြစ်ပါတယ်။ <td> tag အတွင်းမှာ text, links, images, lists, forms, စသည်တို.ကိုထည့်သွင်းဖော်ပြ နိုင်သည့်အပြင် နောက်ထပ် tables များပါ ထပ်ထည့် နိုင်ပါတယ်။
Table တစ်ခုကို HTML တွင် စရေးတော့မည်ဆိုလျင်...
- <table> tag ကို အရင် ရေးရပါတယ်။
- <table> နှင့် </table> ထဲမှာမှ Row <tr> tag ကို အမြဲတမ်းအရင်ဦးဆုံး ရေးရပါတယ်။
- <tr> နှင့် </tr> အတွင်းမှာ မှ data cell <td> ကိုရေးရပါတယ်။ Data cell (column) အရေအတွက် အများကြီးထည့်လို.ပါက <td></td> tags များကို ကြိမ်ကြိမ် အသုံးပြုပြီး ရေးသားနိုင်ပါတယ်။
အောက်ဖော်ပြပါ HTML document ကို လိုက်ရေးပြီး Browser တွင် table တစ်ခု၏ ဖော်ပြမှုကို လေ့လာကြည့်ပါ။
<!DOCTYPE html>
<html>
<head>
<title> HTML Table </title>
</head>
<body>
<h3> One row and one column </h3>
<table border="1">
<tr>
<td> row 1, column 1 </td>
</tr>
</table>
<h3> One row and three columns </h3>
<table border="1">
<tr>
<td> row 1, column 1 </td>
<td> row 1, column 2 </td>
<td> row 1, column 3 </td>
</tr>
</table>
<h3> Two rows and three columns </h3>
<table border="1">
<tr>
<td> row 1, column 1 </td>
<td> row 1, column 2 </td>
<td> row 1, column 3 </td>
</tr>
<tr>
<td> row 2, column 1 </td>
<td> row 2, column 2 </td>
<td> row 2, column 3 </td>
</tr>
</table>
</body>
</html>
အထက်ပါ HTML document ကို Browser မှာကြည့်ပါက အောက်ပါအတိုင်းမြင်ရပါမယ်။
No comments:
Post a Comment