- font-family
- font-size
- font-style
- font-variant
- font-weight
- font
Computer မှာအသုံးပြုတဲ့ Basic font (၂) မျိုးရှိပါတယ်။ ၄င်းတို.မှာ Sans-Serif နှင့် Serif တို.ပဲဖြစ်ပါတယ်။ အောက်တွင် Sans-serif နှင့် Serif fonts တို.ရဲ့ ခြားနားခြင်းကိုဖော်ပြထားပါတယ်။
This example is from www.w3schools.com |
Computer screens မှာတော့ Sans-serif font က Serif font ထက် ဖက်ရတာ ရှင်းလင်းပြီး အဆင်ပြေလို. Sans-serif font ကိုပဲရွေးချယ်အသုံး ပြုကြပါတယ်။
The font-family property
Font-family ကို အသုံးပြုမယ့် font အမျိုးအစား ကို declaration လုပ်ဖို.သုံးပါတယ်။ font-family မှာ fallback system အနေနဲ. Several font ကိုသုံးပြီးလုပ်ဆောင်နိုင်ပါတယ်။ တစ်ခါတလေကျနော်တို.သုံးလိုက်တဲ့ font အမျိုးအစားကို browser က support မလုပ်ပေးနိုင်တဲ့အခါမျိုးမှာ နောက်တစ်ခုကို choice လုပ်ပြီး ဖော်ပြပေးသွားပါတယ်။ ဆိုလိုတာက ပထမ ဦးစားပေး declaration လုပ်ထားတာ ကို support မလုပ်နိုင်ရင် နောက်တစ်ခု declaration လုပ်ထားတာကို အစားထိုးဖော်ပြပေးသွားမှာပါ။font-family အတွက် value ရေးတဲ့ အခါမှာ မိမိအသုံးပြုချင်တဲ့ font အမည်ကို အရင်ရေးရပြီး နောက်ဆုံးမှာတော့ generic family name (sans-serit or serif) နဲ. အဆုံးသတ်ရေးရပါတယ်။ ကျနော်တို. သတ်မှတ်ပေးတဲ့ font အမျိုးအမည်တွေ ကို user ရဲ့ browser က support မလုပ်နိုင်တဲ့အခါမှာ ၄င်း၏ base font အမျိုးအစား တစ်ခုနဲ.အစားထိုးပြီးပြသွားပေးဖို.အတွက် generic family name ကို နောက်ဆုံးမှာရေးသားရခြင်းဖြစ်ပါတယ်။
အောက်က example မှာ font-family အသုံးပြုပြီး ရေးသားပုံကို လေ့လာကြည့်ပါ။